ဦးနှောက် ညာဘက်ခြမ်း လေ့ကျင့်ခန်း (၂) ကလေးတွေ မှတ်ဉာဏ်ကောင်း ဖို့ လေ့ကျင့်ယူလို့ရပါတယ် တချို့ ကလေးတွေ စာကို အထပ်ထပ်အခါခါ ကျက်နေရ ပေမယ့် တချို့ကစာကို ၁ ခါ ၂ ခါ ဖတ်တာနဲ့ အလွတ်ရကြပါတယ် ဒါဟာ မှတ်ဉာဏ် ကွာကြလို့ပါ (ဖြတ်ထိုးဉာဏ်တို့ တွေးခေါ်နိုင်တဲ့ ဉာဏ်တို့ တီထွင်ဖန်တီး နိုင်တာတွေ ကောင်းနေ ပေမယ့်မှတ်ဉာဏ် အားနည်းတဲ့ သူတွေရှိပါတယ်)
ဒီလို မှတ်သားတဲ့အလုပ်ကို ဦးနှောက်ညာဘက်ခြမ်းက ကောင်းေ ကာင်းလုပ်နိုင်ပါတယ်
အထူးသဖြင့် ကျမတို့ မြန်မာနိုင်ငံလို စာအုပ်ထဲက စာကျက်ဖြေရတဲ့ ကလေးတွေ အတွက် မှတ်ဉာဏ်ကောင်းဖို့က တကယ်ကို လိုအပ်ပါတယ် 👶🏻
မှတ်ဉာဏ် ကောင်းတာ ကလေးတွေ ပညာသင်ယူတဲ့အခါမှာ အများကြီး အကျိုးရှိပါတယ် ကလေးလဲ မပင်ပန်း သက်သာပါတယ်
ဦးနှောက် ညာဘက်ခြမ်းရဲ့ စွမ်းရည်တခု ဖြစ်တဲ့ မှတ်ဉာဏ်ကောင်ခြင်း ကို ဦးနှောက်ကဘယ်လိုလုပ်ဆောင်လဲဆိုရင် တွေ့ဖူး
ဖတ်ဖူးတဲ့အရာတွေကို ဓါတ်ပုံရိုက်သလို မှတ်တမ်းတင်ပြီး သိမ်းထားတယ် ပြီးတော့ လိုအပ်တဲ့အခါ ပြန်ပြပေးနိုင်ပါတယ်
လူတစ်ယောက် ဒီလို မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူဟာ တစ်ခါ မြင်ဖူးတဲ့အကြောင်း အရာ တခုခု | ဖတ်ထားဖူးတဲ့ စာအုပ်တွေ ကို လိုအပ်တဲ့အခါ ပြန်တွေးလိုက်တာ နဲ့ သူ့ရဲ့ စိတ်အာရုံမှာ
ဖတ်ဖူးထားစာတွေဟာ ဓါတ်ပုံတစ်ခုချင်းစီ ကိုကြည့်နေရသလို ပြန် မြင်နိုင်တာပါ
ဒီလို မှတ်ဉာဏ်တွေ ကလေးတွေ ပိုင်ဆိုင်စေဖို့ မေမေများ တစ်နေ့ အချိန် ၅ မိနစ်လောက်ဘဲပေးပြီး နေ့တိုင်း လေ့ကျင့်ပေးလို့ရပါတယ် အသက် ၆ နှစ်အောက် ကလေးတွေကို လေ့ကျင့်ပေးရင် ပိုပြီးအကျိုးရှိပါတယ်ဒီလိုလေ့ကျင့်တဲ့ အချိန် မှာ ကလေးပျော်ဖို့အရေးကြီးပါတယ် လေ့လာသင်ယူ တာဟာ စိတ်ညစ်စရာ ပျင်းစရာ မဟုတ်ဘဲ ပျော်ရွှင်စရာကောင်းတယ် ဆိုတဲ့ အတွေးကို ကလေးရရှိစေရပါမယ်
အိမ်မှာနေရင်း လေ့ကျင့်နိုင်မယ့်
Shichida ရဲ့ photographic memory လေ့ကျင့်ခန်းတချို့ပါ
၁- ရုပ်ပုံပြပြီး တူအောင်ကပ်မယ်
2.ကလေးကိုရုပ်ပုံလေးတွေပေးပြီးခုနကပြတဲ့ပုံနဲ့တူအောင်လုပ်ပြခိုင်းပါ
3.ကလေးပြီးရင် မှန်လားတိုက်ကြည့်ပါ
4.ကလေးကို မှန်တဲ့ ရုပ်ပုံအတွက် ချီးကျူးပါမေမေ ပျော်ကြောင်းပြပါ
ဒီကစားနည်း အတွက် ပုံလေးတွေ ဒီမှာ ယူလို့ရပါတယ်
Print ၃ ရွက်ထုတ် | အကောင်တွေကို ညှပ် ပြီး ပလတ်စတစ်လောင်းပါ
ပလတ်စတစ် မလောင်းနိုင်ရင် ကဒ်ထူ မှာ စာရွက်တွေ ကော်နဲ့ သေချာကပ်လဲရပါတယ်
Download Links
photographic ants
photographic birds
photographic butterflies
Download Links
photographic ants
photographic birds
photographic butterflies
၂- ဖွက်တမ်းကစားမယ်
ကလေး သိတဲ့သူ့ရဲ့ ကစားစရာ ၃/၄ ခု ကို သေချာစီပြီး တစ်ခုစီကို နာမည်ခေါ်ပါ
ဥပမာ ကား | ဘောလုံး | ဘီး | ခဲဖျက်
ပြီးတော့ အပေါ်က အဝတ်နဲ့ အုပ်ပြီး ခုန ၄ ခုထဲက တခုခု ကို ယူ ဖွက်လိုက်ပါ
ပြီးတော့ ကလေးကို မေးပါ "ဘာပျောက်သွားလဲ"
ကလေး အဖြေ မှန်တဲ့ အချိန် မေမေ ချီးကျူးပါ ပျော်ကြောင်းပြပါ မှားတဲ့ အချိန် မဆူ မငေါက်ရ မလောရပါ 🙅♂️
ဒီကစားနည်း တွေကို ကလေးနှစ်သက်အောင် မေမေများက ဉာဏ်စွမ်း ထုတ် ပြီး ဆွဲဆောင် ဆော့ကစားပေးဖို့ လိုပါမယ် ကလေး စိတ်ကြည်တဲ့ အချိန် ရွေးပြီး ဆော့ကစားပေးပါ ကလေးများ ဆော့နည်းလေး
သဘောပေါက်အောင် ရှင်းပြပေးပါ တချို့ဆော့နည်းတွေက ကလေးများ သဘောမပေါက် တဲ့
အခါ ထပ်ခါထပ်ခါ ရှင်းပြ ဆော့ပေးရပါတယ်
ကလေးများ အမေ့ကျောင်းလေးမှာ ပျော်ရွှင်ကြပါစေ 😘😘

No comments:
Post a Comment