Monday, 26 June 2017

Montessori & Right brain lesson


အာရုံခံ ၅ ပါးကို သင်ပေးပါတယ်
အနံ့
အရသာ
အမြင်
အကြား
အထိအတွေ့ 
 အလွယ်တကူ အိမ်ထဲက ပစ္စည်းတွေနဲ့ ဘဲ သင်ကြားပေးပါတယ်

အရသာအတွက် 
ဆား ကော်ဖီမှုန့် သကြား ငရုပ်ကောင်းမှုန့် သံပုရာသီး တွေသုံးပါတယ်

အနံ့ အတွက်
ကြက်သွန်ဖြူ ပူဒီနံ ရေမွေးဗူး နံနံစေ့ဘူး 

အကြားအတွက်
Trampoline နဲ့ rattle toy 

အထိအတွေ့ နဲ့ အမြင်
ခြင်းထဲက ပစ္စည်းတွေ အားလုံးကို ထိတွေ့ခိုင်းပြီး မျက်စိမိတ် နာမည်တွေ ပြောခိုင်းပါတယ် ကြမ်းတမ်းတယ် အစေ့လား အမှုန့်လား ပြောပြပါတယ်

လွယ်လွယ်ကူကူ ဘဲ ကလေးကို သင်ကြားပေးပါ
ပစည်းအားလုံးကို ကိုင်သွယ်စေပါ
ကလေးကို သတိပေးစရာရှိတာကို သေချာအရင် သတိပေးပြီးမှ ကိုင်စေပါ
ရေမွှေးဘူးကို မျက်လုံးထဲ မညစ်ထည့်မိစေရန် ကလေးကို သတိပေးပြောပါ စောင့်ကြည့်ပါ နောက်ပြီး ငရုပ်ကောင်း ကိုလဲ မျက်လုံးထဲမဝင်ရန်သတိပြုပေးပါ
လူကြီးက ပျော်ပျော်ရွှင်ရွှင်သင်ပေးပါ ရှုပ်ပေပွမှာကို စိုးရွံ့မနေပါနဲ့ ပြန်ရှင်းလို့ရပါသည် ကလေးငယ် သင်ယူလေ့လာတာကို ပျော်ရွှင် နှစ်သက်ဖို့ သာ ပိုအရေးကြီးပါသည်
လူကြီးပြောနေတဲ့အရာ ကလေးစိတ်မပါလျှင်လဲ အတင်းကြီး မသင်ပါနဲ့ သူစူးစမ်းချင်တာ ကို အရင်စူးစမ်းစေပါ အချိန်စောင့်ပါ
ဒီ ကစားနည်းကို နောက်ရက် တွေမှာ ထပ်ခါထပ်ခါ ပစ္စည်းလေးတွေ နဲနဲပြောင်းပြီး ပြန်ကစားရင်းသင်ပေးလို့ရပါတယ်

ကလေးငယ် ပျော်ရွှင်ပါစေ 





ခေါက်ဆွဲကြော် တမ်းကစားမယ်

အမေ သူ့အတွက်ခေါက်ဆွဲလုပ်တော့ လိုက်ကြည့်ထားတယ်
သူလဲလုပ်ချင်တယ်ပြောတယ်
သူ့အတွက်ခေါက်ဆွဲလုပ်ပြီး တဝက်ကျန်တာ ပေးဆော့လုပ်တယ်
ဒလိမ့်နဲ့ လိမ့်လိုက် ဆွဲကြည့်လိုက်လုပ်တေတယ်
ပြီးတော့ သူ့အိုးလေးနဲ့ ကြော်တယ်တဲ့
ဆားဘူး ငရုပ်ကောင်းဘူး ဆီဘူး တရုပ်မဆလာ ဘူး လေးတွေ
ပေးထားတယ် တကယ်ကို အမေကြော်သလျိုကြာ်ပါတယ်
ကြော်ပြီးတော့ အမေကို စားလို့ရပြီတဲ့ တူပါတပ်ပေးတယ် 
စားလိုက်ဦးမယ်နော် 😂့



 

Sunday, 5 March 2017

March 1 st week self learning shelf

၁-Block တုံးတွေကို ခြင်းလေးထဲ ညှပ်ထည့်မယ်

၂-Puzzle ပုံဆက်မယ် အပိုင်း ၃ ခု ဆက်ပုံ ကနေ ၆ ခုဆက်ထိ
 

၃-ပန်းအိုးထိုးတဲ့အခါ သုံးတဲ့ ရေစုပ်ဖော့တုံးကို လွှနဲ့ ဖြတ်မယ် တူနဲ့ ထုမယ်
၎-shapes လေးတွေနဲ့ big and small size လေ့လာမယ်
square star rectangle လေးတွေကို ဒုတ်ချေင်းလေးနဲ့ လုပ်မယ် 

      
၅-mibeasts လေးတွေအကြောင်းလေ့လာမယ်

 
၆-orchestra musical instruments တွေအကြောင်းလေ့လာမယ်
ဒီစာအုပ်လေးက ခလုတ်လေးတွေပါတယ် music အသံတွေ ထွက်လာတယ် 
 
၇-ရေးဆွဲ ခြစ်ကစားမယ် (နံရံမှာ ခြစ်ရဘူး paper မှာ ရေးခြစ်ရမယ်😀👌🏻)
၈-barbecue လုပ်မယ် 

 
၉-insects လေးတွေနဲ့ math လေ့လာမယ် 
 

                         ဘယ်ဟာ က ၅ လဲ? 👉🏻👈🏻 ရွေးပြပါဦး
                        

၁၀-photogenic memory လေ့ကျင့်ခန်းလေး ၃ စက္ကန့်ပြမယ် ပြီးရင် ပြန်စီပြရမယ် 

 
၁၁-languages နဲ့ right brain training အတွက် flashcards တွေ
Flashcard တစ်ခုကို တစ်စက္ကန့်နှုန်းနဲ့ အမြန်ပြတယ်
အားလုံးပြပြီးရင်တော့ ပုံလေးတွေ အတူတူ ကြည့်ပြီး အမေနဲ့ စကားပြောကြတယ်
ဒါပါဘဲ ဒီအပတ်အတွက်တော့ 👋🏻ဘိုင်းဘိုင်
အော်ကျန်သေးတယ် ဘုရားဆုတောင်းတယ် bible လေ့လာတယ် ဒီစာအုပ်လေးနဲ့ ပါ 
 
ပြီးတော့ တခြားစာအုပ် ၂/၃ အုပ်လေးကော ဖတ်လို့ရသေးတယ်
မေမေနဲ့အတူ ကစားရင်းဖတ်ဖို့ပါ စာပွဲပေါ် တင်ထားပေးတယ် library က သွားငှားထားတာပါ
 

ပိုက်ဆံစုတတ်အောင်လို့ စုဘူးလေးထားပေးတယ် အကြွေစေ့လေးတွေ ရတိုင်းသွားထည့်တတ်တယ် အစုကောင်းလို့ သူ့အဖေ အိမ်သော့ပါ စုဘူးထဲ ထည့်လိုက်ပြီ 😂


Saturday, 25 February 2017

Pasa Ris park BBQ party


pasaris beach ကို သွားမယ် သဲတွေ ကစားမယ် ရေကစားမယ်ခရုကမာ ကောက်မယ် လတ်ဆတ်သန့်ရှင်းတဲ့ လေ အများကြီးရှူမယ်
သူငယ်ချင်းတွေလဲပါမယ် ဖုန်ဖုန် နဲ့ ဒါဒါး 
ဖုန်းဖုန်ရဲ့ ဖေဖေမေမေ ပါမယ် 
ဒါးဒါးဖေဖေမေမေ ပါမယ်
မေးရှာတယ် joy ကောတဲ့ ပါဘူးဒီနေ့တော့လို့ ဖြေတယ်
ဒါဒါး ဖေဖေမေမေ က ဘုရားကို thankyou လို့ ပျော်လို့ bbq ကျွေမယ်လို့ ပြောပြတယ် 
သားကြိုက်လား beach သွားတာ လို့ ကြိုက်တယ်တဲ့
သူလေးနဲ့ အမေ စကားသိပ်ပြောတာဘဲ ဒါကြောင့်ထင်တယ် သားက ယောက်ကျားလေးပေမယ့် စကားပြော မနောက်ကျဘူး
ပုံပြင်ပြောပြတလဲ စကားများများပြောတတ်ဖို့ အများကြီး အကျိုးပြုတယ် 
စကားပြောလွန်းလို့ တို့သားအမိကို အဖေတောင်ခံနိုင်ဘူး 😂


Thursday, 23 February 2017

ဒီနေ့ ကိုယ်တိုင် သင်ယူ ဆော့ကစား သင်ခန်းစာ

ဒီနေ့ ကိုယ်တိုင် သင်ယူ ဆော့ကစား သင်ခန်းစာ

အမေက ဟင်းချက် သားကဘေးမှာ သူဖာသာသူကစားရင်း သင်ယူနေတယ်လေ
ကြက်သွန်ဖြူထောင်းပြီး ခွက်ထဲ ဇွန်းနဲ့ကော်ထည့်ခိုင်းတယ်
အားနဲ့ ထောင်းတော့ အသံမြည်လို့ အခင်းခင်း ပေးတယ်
သူထောင်းတုန်း အမေဟင်း ၂ မျိုးချက်ပြီးတယ်
Fine motor skill နဲ့ hand eyes coordination လေ့ကျင့်တဲ့ activity ပါ
(ခြေထောင်က w shape ဖြစ်နေတာ photo 
အမြန်ရိုက်လပြီးမှပြင်ပေးလိုက်တယ် 😉)