Saturday, 13 April 2019

Right brain stimulation : eyes exercises
=============================
right brain training မှာ speed learning ကို အဓိကလေ့ကျင့်ပေးပါတယ် Speed learning ဆိုတာ ကလေးတွေရဲ့ အကြည့် တချက်မှာ ပေးတဲ့ အကြောင်းအရာတွေကို များများမှတ်မိမှတ်သားနိုင်ဖို့နဲ့ မြန်မြန်တွက်ချက်နိုင်ဖို့ဖြစ်ပါတယ်
Learning process တခု ကို လုပ်ဆောင်ရာမှာ မျက်လုံးနဲ့ ဦးနှောက် အတူတကွ အလုပ်တွဲလုပ်ရတာဖြစ်ပါတယ် 
First absorber ဖြစ်တဲ့ မျက်လုံးက မြင်ရတဲ့ အချက်အလက်( အရောင် အရည်အတွက် အရာဝတ္ထု စသည်) တွေကို စုပြုံပြီး second absorber ဦးနှောက်ကို ပို့ပေးရတာပါ ဦးနှောက်က မျက်လုံးကပေးတဲ့ အချက်အလက်တွေကို မှ ထပ်ပြီး တွက်ချက် /သိုမှီး ရတာပါ
ဒါကြောင့် ကလေးတွေရဲ့မျက်လုံးက အကြောင်းအရာများများကို မြန်မြန် မြင်ဖို့လိုပါတယ်
မျက်လုံးရဲ့ အမြင်အာရုံစူးစိုက်ပြီး လျင်မြန်စွာ လှုပ်ရှားနိုင်ဖို့ နဲ့ မြင်တဲ့ ဧရိယာ ကျယ်အောင် လေ့ကျင့်ပေးရမှာဖြစ်ပါတယ် ခုပြောပြတဲ့ vision patterns လေ့ကျင့်ခန်း ၃ ခု က အဲဒါတွေကို လေ့ကျင့်ပေးပါတယ် 
ဒီလေ့ကျင့်ခန်းတွေဟာ photographic memory , speed reading, နဲ့ red dots စတဲ့ trining တွေကို အထောက်အကူ အများကြီးပြုပါတယ်
ပြီးတော့ မျက်လုံးနဲ့ ဆိုင်တဲ့ ကြွက်သားတွေအတွက် လဲ လေ့ကျင့်ခန်းဖြစ်ပါတယ်
နောက်ထပ်ကောင်းကျိုးတခုက စာအုပ်ဖတ်ရင်လဲ စာအုပ်ထဲက အကြောင်းအရာတွေကို ပိုပြီး သတိပြု မှတ်မိမှတ်သားနိုင်ပါတယ်
လေ့ကျင့်နည်း
--------------
တရက် တစ်ခေါက် လေ့ကျင့်ပေးပါ pattern ၁ ခုကို ၁၀ စက္ကန့် ခန့် နဲ့ pattern ၃ ခုလုံးကို လေ့ကျင့်ချိန် ၃၀ စက္ကန့်ပါဘဲ
၃ နှစ်အထက်ဆိုရင်တော့ စာရွက်ပေါ်မှာ လေ့ကျင့်လို့ရပါပြီ စာရွက်ပေါ်က လမ်းကြောင်းအတိုင်း မျက်လုံးတွေကို အပေါ်အောက် ဘယ်ညာ ရွေ့လျားပြီးကြည့်စေပါ
အသက် ၃ နှစ်အောက် ကလေးအငယ်တွေကိုတော့ အရောင်တောင်တဲ့ ကစားစရာ ဒါမှမဟုတ် ပစ္စည်း တခုခုကို လက်မှာကိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း အပ်ါအောက် ဘယ်ညာ လမ်းကြောင်းအတိုင်း အရုပ်တွေကို ရွေ့လျားပေးပါ သူတို့မျက်လုံးတွေကို ကစားစရာ ကိုလိုက်ကြည့်ရင်း လေ့ကျင့်ပေးလို့ရပါတယ်
မျက်လုံးသေချာမြင်ရတဲ့ အသက် ၃ လ အထက်မှ စလေ့ကျင့်ပေးနိုင်ပါတယ် 
Download here
ကလေးများအားလုံး ကျန်းမာ ပျော်ရွှင် ဉာဏ်ရွှင်နိုင်ကြပါစေ