Monday, 26 June 2017

Montessori & Right brain lesson


အာရုံခံ ၅ ပါးကို သင်ပေးပါတယ်
အနံ့
အရသာ
အမြင်
အကြား
အထိအတွေ့ 
 အလွယ်တကူ အိမ်ထဲက ပစ္စည်းတွေနဲ့ ဘဲ သင်ကြားပေးပါတယ်

အရသာအတွက် 
ဆား ကော်ဖီမှုန့် သကြား ငရုပ်ကောင်းမှုန့် သံပုရာသီး တွေသုံးပါတယ်

အနံ့ အတွက်
ကြက်သွန်ဖြူ ပူဒီနံ ရေမွေးဗူး နံနံစေ့ဘူး 

အကြားအတွက်
Trampoline နဲ့ rattle toy 

အထိအတွေ့ နဲ့ အမြင်
ခြင်းထဲက ပစ္စည်းတွေ အားလုံးကို ထိတွေ့ခိုင်းပြီး မျက်စိမိတ် နာမည်တွေ ပြောခိုင်းပါတယ် ကြမ်းတမ်းတယ် အစေ့လား အမှုန့်လား ပြောပြပါတယ်

လွယ်လွယ်ကူကူ ဘဲ ကလေးကို သင်ကြားပေးပါ
ပစည်းအားလုံးကို ကိုင်သွယ်စေပါ
ကလေးကို သတိပေးစရာရှိတာကို သေချာအရင် သတိပေးပြီးမှ ကိုင်စေပါ
ရေမွှေးဘူးကို မျက်လုံးထဲ မညစ်ထည့်မိစေရန် ကလေးကို သတိပေးပြောပါ စောင့်ကြည့်ပါ နောက်ပြီး ငရုပ်ကောင်း ကိုလဲ မျက်လုံးထဲမဝင်ရန်သတိပြုပေးပါ
လူကြီးက ပျော်ပျော်ရွှင်ရွှင်သင်ပေးပါ ရှုပ်ပေပွမှာကို စိုးရွံ့မနေပါနဲ့ ပြန်ရှင်းလို့ရပါသည် ကလေးငယ် သင်ယူလေ့လာတာကို ပျော်ရွှင် နှစ်သက်ဖို့ သာ ပိုအရေးကြီးပါသည်
လူကြီးပြောနေတဲ့အရာ ကလေးစိတ်မပါလျှင်လဲ အတင်းကြီး မသင်ပါနဲ့ သူစူးစမ်းချင်တာ ကို အရင်စူးစမ်းစေပါ အချိန်စောင့်ပါ
ဒီ ကစားနည်းကို နောက်ရက် တွေမှာ ထပ်ခါထပ်ခါ ပစ္စည်းလေးတွေ နဲနဲပြောင်းပြီး ပြန်ကစားရင်းသင်ပေးလို့ရပါတယ်

ကလေးငယ် ပျော်ရွှင်ပါစေ 





ခေါက်ဆွဲကြော် တမ်းကစားမယ်

အမေ သူ့အတွက်ခေါက်ဆွဲလုပ်တော့ လိုက်ကြည့်ထားတယ်
သူလဲလုပ်ချင်တယ်ပြောတယ်
သူ့အတွက်ခေါက်ဆွဲလုပ်ပြီး တဝက်ကျန်တာ ပေးဆော့လုပ်တယ်
ဒလိမ့်နဲ့ လိမ့်လိုက် ဆွဲကြည့်လိုက်လုပ်တေတယ်
ပြီးတော့ သူ့အိုးလေးနဲ့ ကြော်တယ်တဲ့
ဆားဘူး ငရုပ်ကောင်းဘူး ဆီဘူး တရုပ်မဆလာ ဘူး လေးတွေ
ပေးထားတယ် တကယ်ကို အမေကြော်သလျိုကြာ်ပါတယ်
ကြော်ပြီးတော့ အမေကို စားလို့ရပြီတဲ့ တူပါတပ်ပေးတယ် 
စားလိုက်ဦးမယ်နော် 😂့