Right Brain training

ကလေးတွေရဲ့ ရှည်လျားလှတဲ့ ပညာရေးခရီး မစတင်ခင်မှာ အဓိကအရေးကြီးတဲ့ ကလေးရဲ့ဦးနှောက် ဉာဏ်ကောင်းဖို့ကို အရင်ဦးစားပေး လေ့ကျင့်ပေးသင့်ပါတယ်
ကျောင်းမတက်ခင် အသက်ငယ်စဉ်မှာ မှတ်ဉာဏ်ကောင်းအောင် တွေးတောကြံဆနိုင်မှုကောင်းအောင် တီထွင်ဖန်တီးမှုကောင်းအောင် လေ့ကျင့်ပေးထားလို့ရပါတယ်
အဲလိုလေ့ကျင့်ပေးထားမယ်ဆိုရင် ကလေးတွေဟာ ကျောင်းတက်ပညာသင်ချိန်မှာ အများကြီး သက်တောင့်သက်သာနဲ့ သင်ယူနိုင်ပါလိမ့်မယ်
ကလေးကို လေ့ကျင့်ပေးတာက အသက်ငယ်လေ ကောင်းလေ စောလေ ကောင်းလေ ပါဘဲ
မိဘကိုယ်တိုင် သဘောပေါက်နားလည်ပြီး အိမ်မှာ လေ့ကျင့်ပေးလို့ရပါတယ် ကျမလေ့လာထား သလောက်ရှင်းပြပါမယ်

ဦးနှောက်မှာ ညာဘက်နဲ့ ဘယ်ဘက်ခြမ်းရှိပြီး မတူတဲ့ အလုပ်ကို လုပ်ကြပါတယ် ညာဘက်ခြမ်းက တော့ မြန်မြန်ဆန်ဆန် လုပ်နိုင်တဲ့ စုပ်ယူ မှတ်သားနိုင်တဲ့ အလုပ်လုပ်နိုင်ပြီး ဘယ်ဘက်ခြမ်း ကတော့ စဉ်းစားတာတွေးခေါ်တာတွေ လိုမျိုး နှေးကွေးတဲ့ အလုပ်တွေကို လုပ်ဆောင်ပါတယ်
အသက် ၃ နှစ်အောက်ကလေးတွေ ရဲ့ဦးနှေက်ကတော့ က ညာဘက်ခြမ်းက ဘဲ အဓိကအလုပ်လုပ်ပါသေးတယ်
စဥ်းစာတာတွေးခေါ်တာတွေကို အများကြီးမလုပ်နိုင်သေးပါဘူး
မွေးကင်းစ မှ အသက် ၃ နှစ် အရွယ် ကလေးတွေဟာ အံ့သြစရာကောင်းလောက်အောင် ရေမြုပ်တုံးလေးတွေလို စုပ်ယူ နိုင်စွမ်းရှိကြပါတယ်
ဒါ့ကြောင့် ၃ နှစ်အောက် ကလေးတွေအတွက်ဆိုရင် ဦးနှောက်ရဲ့ ညာဘက်ခြမ်းကို အဓိက လေ့ကျင့် ပျိုးထောင်ပေးရမှာဖြစ်ပါတယ်
ကလေးတွေရဲ့ လေ့လာသင်ကြားမှုမှာ ဘာသာစကားဝေါဟာရကြွယ်လာဖို့အတွက် flash cards ပြပေးမယ်ဆိုရင် ကလေးအတွက်အများကြီး အကျိုးရှိပါတယ်
Flash cards ကို မြန်သင့်တဲ့ အမြန်နှုန်းနဲ့ ပြသပေးတာက ကလေးရဲ့ ညာဘက် ခြမ်းဦးနှောက်ကို လေ့ကျင့် ပေးတာဖြစ်ပြီး အဲလိုလေ့ကျင့်ပေးတာ သင်ကြားမှုများကို မြန်မြန် စုပ်ယူ မှတ်သားနိုင်တဲ့ စွမ်းရည်ကို ရရှိစေပါတယ်
Shichida နည်းက ကလေးငယ်တွေရဲ့ဦးနှောက် ဉာဏ်ကောင်းအောင် အသက်အရွယ်အလိုက် လေ့ကျင့်ပေးတဲ့နည်း ဘဲဖြစ်ပါတယ်
Shichida နည်းရဲ့ ဦးနှောက်ညာဘက်ခြမ်းလေ့ကျင့်ခန်းတွေက
*Flash card ပြတာ
*photographic memory
*Right Brain Mandala
*Linking Memory
*Peg Memory
*Speed Reading
* Image Play
* စတာတွေလဲ ရှိပါသေးတယ်
မေမေတို့ အိမ်မှာ ကလေးတွေကို လေ့ကျင့်ပေးလို့ရအောင်
တခုချင်းလေ့ကျင့်နည်းတွေ ကို ဖြည်းဖြည်းချင်း သိသလောက် ပြောပြပေးသွားမယ်နော် 😊
မေမေများ ကျမ်းမာပျော်ရွှင်ကြပါစေ

No comments:

Post a Comment